ဗဟန်း ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ခွန်မြတ်ဇေယျာ(ပင်လောင်း)နှင့် မေ (ပြင်ဦးလွင်) တို့ရေးသားသည့် ချစ်ခြင်းရယ်တူပြိုင်၊ ချစ်ခြင်းဖွဲ့ချည်ကဗျာများ စာအုပ်မိတ်ဆက်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဆရာခိုင်ချစ်အောင် ကအဖွင့်အမှာစကားပြောကြားပြီး အမျိုးသားစာပေဆုရှင် ဆရာမောင်ခြိမ့်နှင့် အမျိုးသားစာပေဆုရှင် ဆရာသူရဇော်တို့က မုဒိတာစကား အသီးသီးပြောကြားပြီးနောက် ခွန်မြတ်ဇေယျာ(ပင်လောင်း)နှင့် မေ(ပြင်ဦးလွင်) တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ စာရေးဆရာ/ ဆရာမများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)