ပြည်မြို့၊ အောင်ဆန်း အ.ထ.က ကျောင်းတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဆောင်ရွက်

ပြည် ဖေဖော်ဝါရီ  ၉

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့(အောင်ဆန်း) အခြေခံပညာအထက်တန်း​ကျောင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများအား ဦးစွာဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် စာအုပ်စာစောင်များအား ဖတ်ရှုစေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်း အစီအစဉ်သို့ ပြည်မြို့၊ အောင်ဆန်း အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ကျော်ခန့် တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုစိုး (ပြန်/ ဆက်)