သတင်းများ

တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတ အစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်
Feb 08,2023
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရေဖြုမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား  စည်ကားသိုက်မြိုက်စွာကျင်းနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမ၌(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစဉ်ဆက်မပြတ်ထိုးနှံ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြည်သူဆေးရုံတွင် ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန့်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကံမမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး၊   ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ် များအားအချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ၊ အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဂန့်ဂေါ)ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။‌