သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့်တွေ့ဆုံပွဲ
Feb 08,2023
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ချေးငွေရယူထားသည့် စိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
တန့်ယန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာအဆင့် စာစီ စာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအသိပညာပေးဖြန့်ဝေ
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် အသိပညာပေးဖြန့်ဝေပေးလျက်ရှိသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအ​ကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‌ကျေးရွာတွင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ဆီဆိုင်မြို့နယ်၌ ကျင်းပ
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာ၌ ကျေးရွာတွင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါလမ်းမုခ်ဦးတွင် ကျင်းပသည်။
ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြသဆောင်ရွက်
Feb 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အနန္တဂုဏ်ရည်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Feb 08,2023
ဒေသခံပြည်သူများသွားလာမှု လွယ်ကူချောမွေ့စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း/ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရင်ဖုန်းမီးပွိုင့်အနီးတွင် ယနေ့ နံနက်(၉) နာရီအချိန်က မော်တော်ဆိုင်ကယ် မောင်းနှင်လာသူများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လောက်ကိုင်)မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။