အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစဉ်ဆက်မပြတ်ထိုးနှံ

အုတ်ဖို ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြည်သူဆေးရုံတွင် ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းဖြစ်ရာ ယခုအပတ်တွင် ကျန်းမာရေးဝန်ထမ်းများမှ အသက် ၅၀ နှင့်အထက် ဒေသခံပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ နာတာရှည်ရောဂါခံစားနေရသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ ဆက်)