သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၈

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)