ကျောက်တံတား ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ် များအားအချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကို အထူးဂရုပြုရန် လိုအပ်ကြောင်း ၊ မီးကိုပေါ့ဆစွာအသုံးမပြုဘဲ စနစ်တကျသုံးစွဲရန်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသာများက ရုံးဝန်ထမ်းများအား မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့် တင်းထားရှိစေရေးစသည့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆမီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေး၊ မီးလောင်စဉ် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)