တပ်ကုန်း ဖေဖော်ဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတ အစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ဂီတအစည်းအရုံး နာယက ဦးဇော်လွင်နှင့် (ယာယီ)ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ဂီတ အစည်းအရုံးအဖွဲ့ဝင်များက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စိတ်ကြိုက်သီချင်းဆိုပြိုင်ပွဲ ကျင်းပဆောင်ရွက်နိုင်ရေး၊ ဆုချီးမြှင့်ခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ရာ နာယကနှင့် (ယာယီ)ဥက္ကဋ္ဌတို့က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင့်တင့်