နတ်တလင်း ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နတ်တလင်းခရိုင်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် နတ်တလင်းခရိုင် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှနိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား လိုအပ်သော သွင်းအားစုပစ္စည်းများကို ခရိုင်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများမှ တောင်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး တက်ရောက်လာသောတောင်သူများ၏ကိုယ်စား တောင်သူဦးမောင်မောင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)