မက်မန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်

မက်မန်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆောင်ရွက်မှုများ၊ ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်ချက်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မျက်နှာစာ မြေစိုက်ဘုတ်တွင် ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြသခဲ့သည်။

ထိုသို့ပြသရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ မြို့နယ်၏ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကို ပြည်သူများ သိရှိနိုင်ရန်ပြသခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် လိုက်နာရန်ညွှန်ကြားချက်ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့် မြို့နယ်အတွင်း ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာပြသထားကြောင်း သိရသည်။

ပန်းကျင်(ခရိုင်၊ ပြန်/ဆက်)