ရွှေကျင်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိဒေါ်ပြုံးပြုံးရီက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မူလတန်းကြို ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ၏ ကာယ၊ ဉာဏစွမ်းရည်ဖြစ်သည့် စတေကာကပ်ပြိုင်ပွဲ၊  သီချင်းဆိုပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲ စသည့်ပြိုင်ပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ‌လေးများအား ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများမှ ဆုများကိုအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရွှေကျင်မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရွှေကျင်မူလတန်းကြိုကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများ၊ မူကြိုကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)