မိုင်းယန်းမြို့၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲအစဉ်တန်ဖိုးထားသင့်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရာ ခြေခံပညာမူလတန်းလွန်ကျောင်း (ပါမိုင်)မှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စိတ်ဝင်တစ်စားကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းထူး