ဒလ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (Talk Show)ကို ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက(Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ပညာရေး(ငြိမ်း)ဆရာမဒေါ်လှလှရီက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းကြရန်၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာ တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြစ်ကြောင်းစသည့် အကြာင်းအရာများကို ဆွေးနွေးပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး(Talk Show)များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show)အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင်တင်ဆက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်ဇော်(ပြန်ဆက်)