ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပဆောင်ရွက်သွားမည်
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ်၊ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနပြခန်းများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချမည့်ဆိုင်ခန်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှထုတ်လုပ်သည့် လူသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်းများ ဖွင့်လှစ်ပြသ/ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။