ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်​မြောက်ပြည်​ထောင်စု​နေ့ ကျင်းပဆောင်ရွက်သွားမည်

ဒဂုံ ဖေ​ဖော်ဝါရီ ၉

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ်၊ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနပြခန်းများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချမည့်ဆိုင်ခန်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှထုတ်လုပ်သည့် လူသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်းများ ဖွင့်လှစ်ပြသ/ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါ(၇၆)နှစ်​​မြောက် ပြည်​ထောင်စု​နေ့ အခမ်းအနားအား​ ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့မှ ၁၄ ရက်​နေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီထိ စည်ကားသိုက်မြိုက်စွာ ပြည်သူ့ရင်ပြင်အတွင်း ကျင်းပ​ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာ​ရောက်လေ့လာကြည့်ရှုနိုင်​ကြကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်