သတင်းများ

သနပ်ပင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလွန်ကျောင်း (ကော့ပြတ်) ကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
အလုံမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲပြုလုပ်
Feb 09,2023
ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ကျယ်ကျယ်ပြန့်ပြန့် သိရှိတန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်ဟောပြေပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင်အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစာဖတ် စာငှားပုံမှန်ဆောင်ရွက်ပေး
Feb 09,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့်  စာဖတ်၊စာငှားစနစ်ဖြင့်ပုံမှန်ဆောင်ရွက်လျက်ရှိကြသည်။
နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက် ပလင်းကမ်းသာယာဆင်စခန်းတွင်ဖွင့်လှစ်ပြသထား
Feb 09,2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနကဖွင့်လှစ်ထားရှိသည့်မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းဝင်း အတွင်းဖွင့်လှစ် ပြသထားသည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာယာဆင်ပြတိုက်ဖွင့် လှစ်ပြသထားလျက်ရှိကြောင်း ပလင်းကမ်းသာယာဆင်းစခန်းတာဝန်ရှိသူများထံကသိရသည်။
မြစ်သားမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲပြသ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မြစ်သား)ကျန်စစ်သားခန်းမ၌ ပြသဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ် ကန်ရဲကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Feb 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာဒေသများ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက ဆုံရွာကျေးရွာ အုပ်စု ကန်ရဲကျေးရွာ ရွာလယ်ရှိ ယာယီမဏ္ဍပ်မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။