ဒဂုံ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ခိုင်မာစေရန်နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုနေ့အားအမှတ် တရတန်ဖိုးထားကြစေရန် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများကို အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ ဆက်)