စုကလိ ဖေဖော်ဝါရီ ၉
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလယ်တန်း အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီး နောက် အလယ်တန်းအဆင့် ကျောင်းသူ/ကျောင်းသားလေးများမှ ကဗျာဆရာ (ကျော်ခင်ဝင်း- မုဒုံ) ရေးသားထားသည့် ပြည်ထောင်စု ရတနာပန်းပွင့်များ ကဗျာအား ရွတ်ဆိုပြိုင်ပွဲဝင်ခဲ့ကြပြီးနောက် ဆက်လက်၍ ပြည်ထောင်စု စိတ်ဓာတ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)