သတင်းများ

မချမ်းဘော့၌ ၇၆နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ၂၀၂၃ခု နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ မြို့မဈေးအတွင်း မီးဘေးလုံခြုံစေရေး‌ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့မဈေး အတွင်းမီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားမှုများအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk  Show) ကျင်းပ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူငယ်၊လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက်  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေး ဆွေးနွေးပွဲ( Talk Show) ကို  ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာ လမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်
Feb 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး  ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခဲ့ရာ  လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီ ဖြစ်ကြောင်း သိရသည်။ 
ရွှေတောင်မြို့နယ်တွင် ကုန်ထုတ်လုပ်မှုဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Feb 09,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျေးရွာ(၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက ကြို့ကုန်းကျေးရွာအုပ်စု၊ သပြေလှကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ ဒေသထွက်ကြံသကာများ ဈေးကောင်းရရှိကာ ရောင်းအားကောင်းလျက်ရှိ
Feb 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ကြံပင်များ ခုတ်သိမ်းချိန်ရောက်၍ ကြံသကာအဖြစ်သို့ ကျိုချက် ရောင်းချရာတွင် ဈေးကောင်းရရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ပေါ်ဦးပေါ်ဖျားထန်းလျက်များ ဈေးကောင်းရရှိခြင်းကြောင့် ထန်းတက်ရာသီအစမှာပင် ထန်းတောင် သူများတွက်ခြေကိုက်နေ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင်ထန်းတောင်သူများထန်းလျက် ပေါ်ဦးပေါ်ဖျားဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ညောင်ဦးမြို့နယ် ပိုင်ထန်းတဲပိုင်ရှင် ဦးစံမောင်ကပြောကြား၍သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု၊ ကြံခင်းစုကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  (VDP ) စီမံကိန်းဖြစ်သော  ကျေးရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည် ။