စုကလိ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်မြဝတီခရိုင်၊စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအတွက် အသိပညာပေး Talk Show များအား အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးလျက်ရှိပြီး ယခုအခါတွင် နွေရာသီ ရောက်ရှိလာပြီး ဖြစ်သဖြင့် မီးဘေးန္တရာယ် သတိပြုရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk Show အား စုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုက လိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်- ၃ ဒေါ်ပိုပိုအောင်နှင့် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်တို့က မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းတရားများ၊ မိမိတို့ ပတ်ဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားလာပါကကြိတ်၍ မငြှိမ်းသတ်ပါနှင့် ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ ဖြစ်ရပ်များ၊ မီးဘေးကာကွယ်ရေးအတွက် ကြိုတင်ဇတ်တိုက် လေ့ကျင့်ထားရှိကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နေထိုင်ရာ ရုံး ၊အိမ်၊ ကျောင်းများတွင် မီးသတ်ဆေးဘူးများ၊ ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်များ ဆောင်ထာသင့်ကြောင်း မည်သို့သော အကြောင်းတရားများကြောင့် မီးလောင်မှု ဖြစ်ပွားလာပါက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မီးဘေးအန္တရာယ် အသိပညာပေး ဆောင်ပုဒ်များတို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk show အား We Love sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်