သတင်းများ

ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေးဆိုင်းဘုတ်စိုက်ထူ ခြင်းဆောင်ရွက်
Feb 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို  ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်    ကလိန်အောင်မြို့တံတားထိပ် ၊ အမှတ်(၃)ရပ်ကွက် မြို့အတွင်းနှင့်‌  ကျောက်ရှပ်ကျေးရွာလမ်းဆုံးတွင်ဆောင်ရွက်ခဲ့ကြသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီးကုန်းမြို့နယ် စိန်ဘုံသာကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းဖွင့်ပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ဘဲအင်းကျေးရွာအုပ်စု စိန်ဘုံသာကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာရေတင်စနစ်စက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အ.လ.က (၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)ကျောင်း ယမုံနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
လှည်းကူးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့နယ် အခြေခံပညာစာသင်ကျောင်းများတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်၍ သတင်းစကား လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများထံသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် အ.မ.က(မူလွန်)ထော်သို၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေလည် ၁နာရီ မိနစ်၃၀က ထော်သိုကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၂၄)ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် ဖိတ်ခေါ်ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပ
Feb 09,2023
တောင်ငူကတ်သလစ်သာသာနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့တွင် (၂၄)ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် ဖိတ်ခေါ်ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မယ်တော်ရင်ပြင်တွင် စတင်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။