မအူပင် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)ကျောင်း ယမုံနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင် ဦးစီးမှူးဦးအောင်ဇော်ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ဇင်မာခိုင်နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဒုတိယဥက္ကဋ္ဌ ဆရာဦးစိုး (ပညာရေး-ငြိမ်း)တို့က ဦးဆောင်ဆွေးနွေးကာ Grade-11 ကျောင်းသား မောင်သော်လင်းထက်မှ လူငယ်နှင့်ပညာရေး၊ Grade-11 ကျောင်းသား မောင်ဝေယံအောင် နှင့် မောင်ဟန်ထူးအောင်တို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-10 ကျောင်းသူ မခင်ထက်ထက်နိုင်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူ မဘုန်းသစ္စာခန့်က လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်များပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)