ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေးဆိုင်းဘုတ်စိုက်ထူ ခြင်းဆောင်ရွက်

ကလိန်အောင်    ဖေဖော်ဝါရီလ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို  ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်    ကလိန်အောင်မြို့တံတားထိပ် ၊ အမှတ်(၃)ရပ်ကွက် မြို့အတွင်းနှင့်‌  ကျောက်ရှပ်ကျေးရွာလမ်းဆုံးတွင်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်ထားရှိကြရန် မိမိတို့နေအိမ်များ၊စက်သုံးဆီဆိုင်များ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်လို အပ်ကြောင်းအသိပညာပေးပြောကြားခြင်း နှင့်မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ ကိုအသိပေးပြောကြားခဲ့ကြောင်းသိရ သည်။

ခင်ခင်လဲ့(ကလိန်အောင်)