ကွမ်းလုံ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်၍ သတင်းစကား လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက ကျောင်းသား/ကျောင်းသူ များအား မျိုးချစ်စိတ်ဓာတ်ရှင်းသန်ထက်မြက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အကြောင်းကိုလည်း ကောင်း၊ ဒုတိယဦးစီးမှူးဒေါ်အိဇာချိုက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓာတ်ပုံပြပွဲအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)