တွံတေးမြို့နယ် အ.မ.က(မူလွန်)ထော်သို၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေလည် ၁နာရီ မိနစ်၃၀က ထော်သိုကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် အ.မ.က (မူလွန်)ထော်သို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့်ပြသထားသော ကိုဗစ်-၁၉ရောဂါနှင့် ပတ်သတ်သည့် အသိပညာပေးနံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး နံရံကပ်စာစောင်များ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၉၀)ဦးက  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)