သတင်းများ

မူဆယ်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန့်ခုံလုံကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က  (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းများဆောင်ရွက်
Feb 09,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌မြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ မွေးစမှအသက် တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိ​သည်။
စမ်းချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီ (၃၀)မိနစ်အချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Cent) ခန်းမတွင် ကျင်းပခဲ့သည်။
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Shaw)ဆွေးနွေးပွဲ ကျင်းပ
Feb 09,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ((Talk Shaw)ဆွေးနွေးပွဲ ကျင်းပသည်။
တပ်ကုန်းမြို့၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Feb 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (မကျီးပင်)သုခဖြူစင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Feb 09,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ကော့ကရိတ်မြို့အတွင်းရှိ အ.ထ.က ၊ အ.လ.က ကျောင်းများ၌ ပညာသင်ယူလျက်ရှိသော  ကျောင်းသား/ကျောင်းသူများအနေဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး နိုင်ငံ့ချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၀) နာရီ အချိန်ခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  (၇၆)နှစ်မြောက် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် အပ်နှံဖြန့်ဝေပေးခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ
Feb 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။