သတင်းများ

မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများ၊ အကြုံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 09,2023
မဟာအောင်မြေမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ၊ အစိုးရစာသင်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအား မီးပေါ့ဆမှု မရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Myanmar International Academy (MIA)  ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်၌ ဌာန​ပေါင်းစုံဖူဆယ်​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Feb 09,2023
၂၀၂၃ခုနှစ်၊​ ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၆) နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သောဌာန​ပေါင်းစုံ​ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ​ယ​နေ့နံနက် ၁၀ နာရီအချိန်က ယင်းမာပင်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၊ ပွဲကြည့်စင်​ရှေ့၌ကျင်းပခဲ့​ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်​ရောက်ကြ​ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာ Talk Show ကျင်းပ
Feb 09,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပြုလုပ်သည်။
ဓနုဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (talk show) ကျင်းပပြုလုပ်
Feb 09,2023
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင်ကျ‌‌ရောက်မည့် (၇၆) နှစ်မြောက်ပြည်တောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (talkshow) အစီအစဉ်ကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Feb 09,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူပေါင်း၍ စားသုံးသူရေးရာသိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး(Talk Shaw) ဆွေးနွေးပွဲ ကျင်းပ
Feb 09,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။
လားရှိုးမြို့၌ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကောင်းကြဲပိတ်ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀) စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။