ကော့ကရိတ် ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းရှိ အ.ထ.က ၊ အ.လ.က ကျောင်းများ၌ ပညာသင်ယူလျက်ရှိသော ကျောင်းသား/ကျောင်းသူများအနေဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး နိုင်ငံ့ချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၀) နာရီ အချိန်ခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆)နှစ်မြောက် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် အပ်နှံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ချက်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂.၂.၂၀၂၂ ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ ဒို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်း ညီညွတ်ကြပါစို့၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပြတ်ရှေ့သို့ဆက် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)