ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Shaw)ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ((Talk Shaw)ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသန်းထွန်းနိုင် (ဓါတ်ပုံကျွမ်းကျင်-၂)နှင့် ဒေါ်ဝါဝါလင်း (ရုပ်သံကျွမ်းကျင်-၃) တို့မှ ကလေးအလုပ်သမား ပပျောက်ရေး သိမှတ်ဖွယ်ရာများတွင် အဓိပ္ပါယ်ဖွင့်ဆိုချက် ပါဝင်ပတ်သပ်သူများ၏တုံ့ပြန်ချက်၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ် ကျရောက်နေသော ကလေးအလုပ်သမားတို့၏ အကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ စသည့် အကြောင်းအရာများအား အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)