သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီ (၃၀)မိနစ်အချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Cent) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်မြို့နယ်မှူး ဦးနေလင်းဦးနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်မြို့နယ်မှူး ဦးနေလင်းဦးက ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဘေး(၉)မျိုးအကြောင်းသိကောင်းစရာများ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များအကြောင်း စသည့်ဗဟုသုတရဖွယ်အကြောင်းအရာများဖြင့်ဟောပြော၍ ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်