မိုင်းပန် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မိုင်းပန်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇော်လင်းခိုင်မှ လေလံရောင်းချခြင်းကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များမှ လေလံတင်ရောင်းချခြင်းကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် အကြီးတန်းစာရေးတို့မှ လိုင်စင်အားလုံးစည်းကမ်းနှင့် လိုင်စင်တစ်ခုချင်းစီ၏ စည်းကမ်းများအား ရှင်းလင်းဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့မဈေးကောက်လိုင်စင်၊ မြို့မဈေးစက်ဘီးဈေးကောက်လိုင်စင်၊ မြို့ဝင်ဘီးကောက်လိုင်စင်၊ မြို့မဝက်လုပ်ငန်းလိုင်စင်၊ မြို့မအမဲလုပ်ငန်းလိုင်စင်၊ ကျေးလက်ဝက်လုပ်ငန်းလိုင်စင်နှင့် ကျေးလက်အမဲလုပ်ငန်းလိုင်စင်တို့ကို ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခဲ့ရာ လေလံဝယ်ယူခြင်းတွင် အနိုင်ရရှိသူများမှ မြို့နယ်အတွင်းလိုအပ်သည်များ၊ အခက်အခဲများနှင့် ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ကျင်းပသော ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ လေလံကြီးကြပ်ရေးအဖွဲ့၊ လေလံဆွဲဝယ်သူများအဖွဲ့နှင့် ဧည့်သည်တော်များအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)