သတင်းများ

ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်မြို့၊ အောင်ဆန်း အ.ထ.က ကျောင်းတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဆောင်ရွက်
Feb 09,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့(အောင်ဆန်း) အခြေခံပညာအထက်တန်း​ကျောင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူခရိုင် Community Centre  ခန်းမတွင် လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်
Feb 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။
ဘောဂလိမြို့တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေး(Talk Show)  ဆွေးနွေးပွဲဆောင်ရွက်
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သိရှိ နိုင်စေရန်နှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Feb 09,2023
မွန်ပြည်နယ်၊ အ​ခြေခံပညာဦးစီးဌာန၊ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​အမှတ်(၉)အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ​ကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ၊ ဆရာမများ တက်​ရောက်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကျင်းပ
Feb 09,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 09,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အခြေခံပညာကျောင်းများသို့သွာရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ချောင်းဆုံတွင် (၇၆)နှစ်မြောက် ပြည်ထော်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Feb 09,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်က ချောင်းဆုံ မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။