သတင်းများ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်သောက်သုံးရေကန် ဖွင့်ပွဲကျင်းပ
Feb 09,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်ရည်ရွယ်၍ ကျေးလက်သောက်သုံးရေကန် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဗျားထမင်းဆိုင်ကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ သောက်သုံးရေကန်၌ ကျင်းပသည်။
ပန်းဘဲတန်းမြို့နယ်ရုံးတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့ နံနက် (၁၀)နာရီတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show  ဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊
ဖား​​ဆောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အားကစားပြိုင်ပွဲများကျင်းပ
Feb 09,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ က​လေးငယ်များကာယ၊ ဉာဏစွမ်းရည်များ ပြည့်ဝစေရန်၊ မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်တတ်​စေရန်၊ ပူး​ပေါင်း​ဆောင်ရွက်တတ်သည့် အ​လေ့အကျင့်​ကောင်းများရရှိ​စေရန်၊ စည်းလုံးညီညွတ်မှုဖြင့် ​ဆောင်ရွက်တတ်​စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ယ​နေ့နံနက်(၉)နာရီအချိန်က အဆိုပါ​ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ (အ-ထ-က)ပတကျောင်း၌ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းဆောင်ရွက်
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရေးနှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က (အ-ထ-က)ပတကျောင်း၌ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့သည်။
တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၃)၊အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
ရေတာရှည်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေကုန်းကျေးရွာ၊ ကျေးရွာတွင်းလမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေကုန်းကျေးရွာ၊ ကျေးရွာတွင်းလမ်းသစ်ဖွင့်ပွဲကို ယနေ့က သပြေကုန်းကျေးရွာ၌ ကျင်းပသည်။
ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက  အ.ထ.က(ရေတာရှည်) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။