ဘောဂလိမြို့တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေး(Talk Show)  ဆွေးနွေးပွဲဆောင်ရွက်

ဘောဂလိ  ဖေဖော်ဝါရီ   ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သိရှိ နိုင်စေရန်နှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားနောက် ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့သတ်မှတ်ခဲ့သည့် သမိုင်း ကြောင်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ၏ ဆွေးနွေးချက်များ၊ (၇၆)နှစ်မြောက် ပြည်ထောင် စုနေ့အမျိုးသားရေးဦးတည်ချက်များကို အသိပညာပေးဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘောဂလိမြို့ရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မူးလားလာ(ပြန်/ဆက်)