ချောင်းဆုံတွင် (၇၆)နှစ်မြောက် ပြည်ထော်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်က ချောင်းဆုံ မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။

အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ (ထွေ/ အုပ်)ဌာန၊ ပညာရေဌာန၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန၊ မီးသတ်ဌာန အသင်း(၅)သင်းတို့မှ ပွဲစဉ်(၃)ပွဲဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ (ဗိုလ်လုပွဲ)ကို ပညာရေးဌာနအသင်နှင့် စိုက်ပျိုးရေးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်းနှင့် နောက်ဆုံးပြိုင်ပွဲ(ဗိုလ်လုပွဲစဉ်)ကို ဖေဖော်ဝါရီ လ (၁၀)ရက်နေ့ တွင် ချောင်းဆုံမြို့နယ်အားကစားရုံ၌ ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ ဆက်)