ပန်းဘဲတန်း ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့ နံနက် (၁၀)နာရီတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင် စာရေးဆရာမ ညွန့်ညွန့် (ကလော) တို့က မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များဖြင့် ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဦးဆန်းကြည် (ပြန်/ ဆက်)