ဥတ္တရသီရိမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဥတ္တရသီရိ  ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ အခြခံပညာမူလတန်းလွန်ကျောင်းနှင့် ရင်သွေးပျိုးခင်း ကိုယ်ပိုင်အလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်သူများအား အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်း စာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးစာစုများ၊ ကဗျာ၊ ကာတွန်း များစသည့် အကြောင်းအရာများ ပါဝင်သည်။

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို မမေ့လျော့ဘဲ အစဉ်အမြဲ အမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်၍ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်

ကျော်စွာဟိန်း(ပြန်/ဆက်)