ရေတာရှည် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေကုန်းကျေးရွာ၊ ကျေးရွာတွင်းလမ်းသစ်ဖွင့်ပွဲကို ယနေ့က သပြေကုန်းကျေးရွာ၌ ကျင်းပသည်။
အဆိုပါ ကျေးရွာတွင်းလမ်းကို နံနက် ၈ နာရီခွဲတွင် တောင်ငူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကျေးရွာတွင်းလမ်းအား ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်(၁၀)သန်းဖြင့် အရှည် ၂၇၀၀ ပေ အကျယ် ၁၂ ပေရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)