မင်းလှမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အား  ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲ့ထိုးပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့ တွင်ကျရောက်မည့်  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲ့ထိုးပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက  ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ထမနဲ့ထိုးပြိုင်ပွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမစတင်မီ အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင်က အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ထမနဲထိုးပွဲယှဉ်ပြိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေး၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်လယ်/ စီအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေး၊ ပြန်/ ဆက်ဦးစီးဌာန၊ စီမံကိန်း၊ သစ်တော၊ စိမ်းစို၊ စာရင်းရုံး၊ စာတိုက်‌၊ ဆက်သွယ်ရေး၊ တရားရုံး၊ ဥပဒေ၊ အခွန်၊ မီးသတ်ဦးစီးဌာန၊ စီးပွားရေးဘဏ်၊  ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ တိုင်းရင်းဆေး၊‌ ကော်မရှင်၊ လူမှုဝန်ထမ်း၊ စိုက်ဘဏ်၊  ရှေး/ သု၊‌ ဘေးစီမံ၊ အားကာ၊ သမဝါယမ၊ လျှပ်စစ်၊ ကျေးလက်လမ်း၊ ကျေး/ ဖွံ့ဦးစီးဌာနဌာနတို့မှ အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရအသင်းနှင့်နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း  သိရသည်။

ဇာဇာ(ပြန်/ ဆက်)