စစ်ကိုင်း ဖေဖော်ဝါရီ ၆
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်(၂)တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် အတန်းအသီးသီးတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများက ဆောင်ပါးပြိုင်ပွဲတွင်(၁၃)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၀)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် (၆၄)ဦး၊ ကဗျာပြိုင်ပွဲတွင်(၂၈)ဦး ဝင်ရောက်ယှည်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)မှား၊ သက်ဆိုင်ရာ ဆရာ/ဆရာမများက ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ကြည့်ရှူ့အားပေးခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်