လယ်ဝေးမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သင်တန်းဖွင့်လှစ်

လယ်ဝေး ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကျောင်းသား/သူများ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှု၊ လူမှုကျန်းမာမှုတို့ နှင့်ပြည်စုံသော အခြေအနေသို့ ရောက်ရှိလာစေရေးအတွက် ကျောင်းသား၊ ကျောင်းသူဘဝမှစတင်ကာ အသိပညာ၊ သဘောထားနှင့် အလေ့အကျင့်တို့ကို သိပ္ပံနည်းကျ မူမှန်သွားအောင် ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသင်တန်းကို အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းခ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်စံညွှန်းများနှင့် အညီထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ တက်ကြွစွာ လက်တွဲဆောင်ရွက်ကြစေရန်နှင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကိုနှင့် ပတ်သက်၍  အသေးစိတ်ကို လယ်ဝေးမြို့နယ် ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်မှ ပို့ချဆွေးနွေးခဲ့သည်။ သင်တန်းသို့  မူလတန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းကျန်းမာရေး တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်( ပြန်/ဆက်)