မူဆယ် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား ချစ်ကြည်ရေး သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်ဓာတ်ပုံများကို မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီး နှင့် ပိတောက်လမ်းလမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ် ပြဘုတ်၌ ယနေ့နံနက်(၁၁း၃၀)အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ခင်းကျင်းပြသ ဆောင်ရွက်ခဲ့ပါသည်။ ယင်းမြေစိုက် နံရံကပ်ပြဘုတ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီး အကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှားနိုင်ငံပိုင် ရုရှားရဟတ်ယာဉ် ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေးစခန်းတို့ကို နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများ နှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူ့များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိပြီး ကျောင်းသား/သူများ၊ ဈေးရောင်း ဈေးဝယ်များ၊ ရုံးသွားရုံးလာ အလုပ်သမားများနှင့် လမ်းသွားလမ်းလာမိဘ ပြည်သူများက စိတ်ပါဝင်စားစွာ ဝင်ရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)