ကျိုက်ထို ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် အဘိုး၊ အဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်များကို ဖေဖော်ဝါရီ (၁၆)ရက် နံနက်(၉)နာရီခွဲက ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် သွား ရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား (၅၃၈)ဦးအတွက် ငွေကျပ်(၁၆၁၄၀၀၀၀ိ/-)ကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ လွင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက တစ်အိမ် တက်ဆင်း လိုက်လံ ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)