နတ်မောက်မြို့ နယ်တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ

နတ်မောက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ တစ်ပိုင်တစ်နိုင်စိုက် ပျိုးထားသည့် ငှက်ပျောပင်များရှင်သန်၍ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကြောင်းသည်။

“ကျွန်မကတော့ငှက်ပျောပင်စိုက်ပျိုး သူပါ။ စိုက်ပျိုးထားတဲ့ငှက်ပျောတွေကတော့ ဖီးကြမ်းငှက်ပျော မျိုး တွေဖြစ်ပါတယ်။ ငှက်ပျောစိုက်ရာမှာ ကျင်းကိုနက်နက်တူးပြီး သဘာဝမြေဩဇာဖြစ်သည့် မြေ ဆွေး၊ နွား​​ချေး တွေကိုထည့်ရပါတယ်။ ရေလောင်းရာတွင်လည်း ရေမြောင်းစနစ်ကိုအသုံးပြုပြီး ရေမြာင်းကနေရေလွှဲ ပေးလိုက်ရင် ငှက်ပျောကျင်းတွေဆီရောက်ပြီး ရေကို (၂) နာရီအကြာ အထိ ရေလွှဲပေးထားရပါတယ်။ ကျွန်မစိုက်ပျိုးထားတဲ့ ငှက်ပျောပင်တွေကတော့ အပင် (၅၀၀) စိုက်ပျိုး ထားပြီး အခုဆိုရင်ငှက်ပျောခိုင် တွေထွက်နေပါပြီ၊ ထွက်ရှိလာတဲ့ငှက်ပျောများကို ဆေးနဲ့မအုပ်ဘဲ  ကုက္ကိုရွက်များနဲ့အုပ်ပြီး သဘာ၀အမှည့်နဲ့ ရောင်းချမှာပါ၊ သဘာ၀အမှည့်ဖြစ်တဲ့အတွက် စားသုံး သူလည်း ပိုမိုနှစ်ခြိုက်သလို ဆေးဖက်လည်းဝင်တာ ပေါ့၊ ခုဆိုရင် ငှက်ပျောအလုံးပါရှိမှုပေါ်မူတည်ပြီး တစ်ဖီးကို ၁၂၀၀ ကျပ်ကနေ  ၁၅၀၀ ကျပ်ထိရောင်းရပါတယ်ဟု  ငှက်ပျောစိုက်ပျိုးလုပ်ကိုင်သူ ဒေါ်စာစာကပြောသည်။

မူမူစန်း