သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ စပ်မျိုးဆောင်းနေကြာသီးသန့်စိုက်ကွင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေး

သာပေါင်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ မကျည်းကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကွင်းကျေးရွာတွင် ရေဆင်း(၁) စပ်မျိုးဆောင်းနေကြာ သီးသန့်စိုက်ကွင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအားများ ယနေ့ နံနက် ၁၂ နာရီခွဲအချိန်က ကြည့်ရှုအားပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ၊ စိုက်တိုးမြှင့်ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးမြင့်လွင်၊ ကျေးရွာစိုက်တိုးမြှင့် ကော်မတီအဖွဲ့တို့က မကျည်းကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကွင်းကျေးရွာ ကွင်းအမှတ်(၅၇၅)၊ ဦးပိုင်အမှတ်(၁/၂)၊ တောင်သူဦးမြအုန်း၏ ဧရိယာ (၆)ဧကပေါ်တွင် ရေဆင်း (၁)စပ်မျိုးဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ကြည့်ရှုအား‌ပေးပြီး ရိတ်သိမ်းချွေလှေ့ပါက စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်