ကလော ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက ကလောမြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကလောမြို့မရဲစခန်းမှ စခန်းမှူး၊ ဒုရဲမှူးမိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ မှီခိုသူမိသားစုဝင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာကလောမြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝေဇင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာတွေ့အသိပညာဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှုတို့ကို လက်တွေ့ပြသခဲ့ပြီး ကလောမြို့မရဲစခန်းဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းများတွင် လျှပ်စစ်မီး/မီးဖို များသုံးစွဲမှုအခြေအနေများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များ အသိပညာပေးပြောကြားပြီး မီးသတ်ဆေးဘူးများအား ကောင်းမွန်ရှိ/မရှိ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)