သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်မှူဇုန်များအလိုက် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် Booster Dose (Covid Shield) ထိုးနှံပေး
Jul 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်များအလိုက် စက်ရုံဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (Covid Shield) အား West Wood စက်ရုံဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီ  လာရောက်ရောင်းချပေး
Jul 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့်  အမှတ်(၇)ရပ်ကွက်၊ လိပ်ကန်လမ်းနှင့်ဦးရွှေဂွန်းလမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရာသီစာမှိုများရှာဖွေရောင်းချခြင်းဖြင့်ပုပ္ပားတောင်မကြီးပတ်ဝန်းကျင်ကျေးရွာများမှရာသီ စာမှိုရှာဖွေရောင်းချသူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေ
Jul 31,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁မိုင်ခန့်အကွာတွင်တည်ရှိသည့် ပုပ္ပားတောင်မ ကြီးမှထွက်ရှိသည့်ရာသီ ပေါ်မှိုများရှာဖွေကောက် ယူရောင်းချခြင်းဖြင့် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီစာမှိုအမျိုးမျိုးမိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း လဲဂွကျေးရွာ မှိုရှာဖွေရောင်းချနေသူ ဦးကျော်ရွှေထံကသိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ သီးနှံဝင်ငွေတိုးပွားစေရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းအား ကျေးရွာ(၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
Jul 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက် ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်m မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းလုပ်ငန်းအား ကျေးရွာ(၃)ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံးအသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲ ကြည့်ရှုအား​ပေး
Jul 31,2022
မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့် စိတ်ဓါတ်​ရေးရာ မြင့်မား​စေ​ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပြုလုပ်​ပေးခြင်းအပြင် အသက်အရွယ်အလိုက် အားကစား​လေ့လာလိုက်စားနိုင်​စေရန် ​ရည်ရွယ် ၍ဆောင်ရွက်​ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်​နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ Southern Myanmar ​ဘောလုံးအားကစားကွင်း ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံး အသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ ​ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအား​ပေးခဲ့သည်။
သိန္နီမြို့တွင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်ကျောင်းတိုက်အနီးတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းခြင်းဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။