သတင်းများ

ပုဏ္ဏားကျွန်းမြို့ Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Feb 22,2023
ယနေ့ခေတ်လူငယ်များ စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ် စာပေများကို ပိုမိုဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။
ရသေ့တောင်မြို့၌ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဥ်နှင့် လူငယ်စကားဝိုင်း ကျင်းပ
Feb 22,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့‌ နေ့လယ်(၁၂)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ငပုတောမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံအားပေး
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ မွန်းလွဲပိုင်း (၃)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ငပု​တောမြို့ အ​ခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ တွေ့ဆုံအားပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5)နှင့်(Grade- 9)နှစ်ဆုံးစာမေးပွဲများ ဖြေဆို
Feb 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်(Grade- 5) နှင့်(Grade -9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်း များအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
ပန်းတောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊(Grade-5)နှင့် (Grade- 9) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့တွင် ဌာဆိုင်ရာများ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြို အထူး တရားပွဲကျင်းပ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြို အထူးတရားပွဲကို နွားဦးတိုက်ဆရာတော် ဘဒ္ဒန္တအရှင်ဉာဏာလင်္ကာရက မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်း၌ ယမန်နေ့ည ၇ နာရီတွင် တရားတော်ဟောကြား တော်မူခဲ့သည်။
ကျောက်ဆည်မြို့နယ် မကျီးတန်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Feb 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။