သတင်းများ

ဝက်လက်မြို့နယ်၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်တရားလွှတ်တာ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ
Jul 30,2022
တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍  မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်တရားလွှတ်တော် ရုံး ၊  တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။
လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်
Jul 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ၌ တောင်သူဒေါ်ချယ်ရီ၏ စိုက်ပျိုးခင်းတွင် အမှတ်(၃၅) စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်ဖြင့် ပေါင်းသတ်ဆေးဖျန်းပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တောင်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လက်တွေ့သရုပ်ပြ မောင်းနှင်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်အတွင်းယခုနှစ် သောက်သုံးရေလိုအပ်နေသော ကျေးရွာ/တဲတိုက်များသို့ ၈၂ သိန်းဖိုး သောက်သုံးရေလှူဒါန်းပေးနိုင်ခဲ့
Jul 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  သောက်သုံးရေလိုအပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက သောက်သုံးရေများလှူဒါန်းပေးခဲ့ရာ ၈၂ သိန်းကျပ်ထိ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်
Jul 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ဘအမှတ် ၃ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုအမှုဆောင်ကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ 
Jul 30,2022
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီ (၃/၂ဝ၂၂) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အသင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးစိုးမြင့် (စိုးမှူး)နှင့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြသည်။ 
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ
Jul 30,2022
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်းအလုပ်သမား ၁၇၂ ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ် ပန်လော့ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Jul 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝမ်ဟေကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။