သတင်းများ

မင်းဘူးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ပူပေါင်းပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်မှုသင်တန်း ဖွင့်လှစ်ပို့ချ
Jul 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းပြီး ဒေသတွင်းထွက်ရှိသော သစ်သီးများကိုအခြေခံကာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းအဖြစ် အသီးဖျော်ရည်မျိုးစုံပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင်ခန်းမ၌ ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ် မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်
Jul 31,2022
မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ စံပြတမာ စိုက်ခင်း(၂၅) ဧကအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာ အကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍ အမြင့်သုံးပေနှင့်အထက်ရှိသော သက်တမ်းရင့် တမာသစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သိန္နီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးရေး၊ လူငယ်များယဉ်ကျေးလိမ္မာ၍ ဘက်စုံထူးချွန်စေရန်၊ နိုင်ငံတော်တည်ဆောက်ရာတွင် အားကိုးအားပြုရသော လူကောင်းလူချွန်များ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို သိန္နီမြို့၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က သွားရောက်ဟောပြောခဲ့သည်။
လောင်းလုံးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြခြင်းအခမ်းအနားကျင်းပ
Jul 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြောသြဇာ၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ တောင်ဦးသီးညွှန့်လယ်ကွင်း၌ ပြုလုပ်သည်။
ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲတော် (စတုတ္ထအကြိမ်) ကျင်းပ
Jul 31,2022
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုကို အထောက်အကူပြုစေပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားပေါကြွယ်ဝစေရန် ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ(စတုတ္ထအကြိမ်) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင် ကွက်သစ်အနီးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
မိုးကုတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးရံ ပြိုကျခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပွား
Jul 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကချင်ရပ်တွင် တောင်ကမ်းပါးပြိုကျခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရမှု မရှိခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် စာရေးဆရာအသင်း စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ
Jul 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် အရေးပေါ် မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန် ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များနှင့် ပြည်သူများအားထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jul 31,2022
အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိအခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စု များအလိုက် ရဟန်းရှင်လူများအားအခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အမှတ်(၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်နှင့် အမှတ်(၄၈)ရပ်ကွက်ဓမ္မာရုံတို့တွင် စုရပ်သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှုရာနှုန်း ပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် သံဃာများနှင့် ပြည်သူ များအားယနေ့ နံနက်ပိုင်းတွင် ကျန်းမာ‌ရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်းသိရ သည်။