သတင်းများ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် လာရောက်ထုတ်ယူ
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ အထက(၁)ညောင်လေးပင်စာစစ်ဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ Grade(9)နှစ်ဆုံး စာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)၊ Grade(9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်(၉) နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ် (အ.ထ.က) ပေါင်စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၁၃) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 22,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ပေါင် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၁၃) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ (Grade-5)နှင့်(Grade-9)ကျောင်းသား/သူများ နှစ်ဆုံးစာမေး ပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဌမတန်း(Grade-9)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 22,2023
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ဖေဖော်ဝါရီလ ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ကျင်းပ​ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေ
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ၏နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဋ္ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖေါ်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စု‌ပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။